ဇော်ဂျီဖောင့်နှင့် ပတ်သက်၍ မကြာသေးမီက မြန်မာဘလော့ဂါများကြားတွင် ကောလာဟလတစ်ခု ပေါ်ထွက်ခဲ့သည်။ ဇော်ဂျီဖောင့်ကို စီးပွားဖြစ်ပုံစံပြောင်းပြီး ဖရီးမပေးတော့ဟု ဖြစ်သည်။ အဆိုပါ ကောလာဟလနှင့် ပတ်သက်၍ ဇော်ဂျီအဖွဲ့က လုံးဝမဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။ ဇော်ဂျီကို အမြဲတမ်း ဖရီးပေးမည် ဖြစ်ပါသည်။ Zawgyi Free Forever!!! ဇော်ဂျီမြန်မာယူနီကုဒ်စနစ်ကို စတင်ထုတ်ဝေခဲ့စဉ်က ဤနေရာတွင် ကျွန်ုပ်တို့အဖွဲ့မှ ကြေညာခဲ့သည့် ရည်မှန်းချက်မှာ မြန်မာစာသုံးစနစ်တစ်ခုကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖြစ်သည်။ ထိုရည်မှန်းချက်အတိုင်း ဇော်ဂျီ-ဝမ်းဖောင့်ကို ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် Zawgyi-One-20051130.ttf အမည့်ဖြင့် စတင်ဖြန့်ချိခဲ့ရာ စနစ်၏ လွယ်ကူမှုနှင့် ဖောင့်၏ သေသပ်လှပမှုတို့ကြောင့် မကြာခင်အချိန်အတွင်း ဝက်ဘ်ဆိုက်များနှင့် ဘလော့ဂ်အများအပြားတွင် စတင်သုံးစွဲလာကြသည်။ ၂၀၀၆ခုနှစ် ဇွန်လတွင် ဒုတိယအကြိမ် ဇော်ဂျီဖောင့်ကို Zawgyi-One-20060620.ttf အမည်ဖြင့် ထုတ်ဝေခဲ့သည်။ သုညအပါအဝင် Glyph တစ်ချို့ကို ပုံစံပြောင်းပေးခဲ့ခြင်းမှ လွဲ၍ ကြီးမားသော ပြောင်းလဲမှုများ မရှိခဲ့ပါ။ ယခုစာရေးသည့်အချိန်တွင် ဇော်ဂျီအဖွဲ့မှ နောက်ဆုံးထွက်ရှိထားသည့် ဖိုင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ Planet.com.mm တွင် ရယူနိုင်ပါသည်။ Alpha.com.mm တွင်လည်း ရယူနိုင်ပါသည်။ (၁) ဇော်ဂျီဖောင့် - Zawgyi-One-20051130.ttf | Zawgyi-One-20060620.ttf (၂) ဇော်ဂျီကီးဘုတ် - ZawgyiKb_installer_I.zip (၃) ဇော်ဂျီကီးဘုတ်လက်ကွက်ပုံ - zawgyi_keyboard_map0.4.jpg | zawgyi_keyboard_map0.4.gif | zawgyi_keyboard_map0.4.pdf (၄) ဇော်ဂျီ Embedded Open Type ဖောင့် - ZAWGYIONE-20051130.eot (၅) zawgyi Font ထည့်သွင်းခြင်း keyboard install လုပ်ပြီး control panel တွင် ပြင်ဆင်ထည့်သွင်းရန်မလို ဘဲ အလိုအလျောက် language bar ပြင်ဆင်ပေးခြင်း လိုအပ်သော setting များအလိုအလျောက်ဖြည့်ပေးခြင်း။ အကောင်းဆုံး စာလုံး ပုံစံအတွက် cleartype setting ထည့်သွင်းပေးခြင်း စသည်တို့ ကို နောက်ကွယ်မှ ပြုလုပ်ပေးမည့် ALPHA zawgyi installer ( setup လုပ် ပြီး restart လုပ်ပြီး အားလုံး သုံးရန်အဆင်သင့် )http://www.mandalayalpha.com/download/alphazawgyi.zip password= "alphazawgyi" (၆) ဇော်ဂျီဖြင့် တင်လွင့်ထားသော ဆိုက်များ ဘလော့များကို မြန်မာလိုရှာဖွေ တွေ့ ရှိစေရန် ( MSN,Google,live,Yahoo Search engine) များတွင် ရှာရန် gtalk Gmail စသည်တို့ တွင် ဇော်ဂျီ စာများသုံးရန် File name Folder name များမြန်မာလိုသုံးရန် windows' system font arial အား မြန်စာစာလုံးသွတ်သွင်းပြီး တည်ဆောက်ထားသော ဇော်ဂျီအထောက်အကူပြု gtalkmyanmar addin http://gtalkmyanmar.mandalayalpha.com/ |
0 comments:
Post a Comment