Saturday, February 27, 2010

အဖေ

ကျွန်တော် ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။
၅- နှစ်- - -ငါ့ဖေဖေက မသိတာ ဘာမှမရှိဘူး။
၆- နှစ်- - -ငါ့ဖေဖေက မင်းအဖေထက်တတ်တယ်ကွ။
၈- နှစ်- - -တို့ဖေဖေက အကုန်လုံးတော့လဲအတိအကျ မသိဘူး။
၁၀- နှစ်- - -အဖေ တို့ငယ်ငယ် တုန်းကနဲ့ အခုကတခြား စီပဲ။
၁၂- နှစ်- - -အင်း အဲဒါတော့ အဖေလဲဘယ်သိ ပါ့မလဲ။သူ ကအသက်သိပ်ကြီး လာပြီဆိုတော့ ငယ်ငယ်က အကြောင်းတွေမမှတ်မိ နိုင်တော့ဘူး။
၁၄- နှစ်- - -အဖေ့တော့ထည့်မပြောနဲ့ကွာ၊ သူကရှေးရိုးသမားကြီး။
၂၁- နှစ်- - - အဘိုးကြီးလား။ - -ထားစမ်းပါ။ အောက်နေပြီကွ၊ သိပ်အောက်နေပြီ။
၂၅- နှစ်- - -အဖေလဲနည်းနည်းပါးပါး တော့သိတယ်။ မသိလို့လဲ မဖြစ်ဘူးလေ၊ သူကလူကြီး ဘဲဟာ။
၃၀—အဖေကို နည်းနည်း ပါးပါးမေး ကြည့်ရင်ကောင်းမယ်ထင်တယ်။ ဘာဘဲပြောပြောသူ ကအတွေ့အကြုံ အများ ကြီးရှိတယ်။
၃၅- နှစ်- - -အဖေ နဲ့ တိုင်ပင်ပြီးမှဘဲ ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်။
၄၀- နှစ်- - -အဖေ သာဆိုဒီ ကိစ္စဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေကအတွေ့ အကြုံစုံတယ်။အမြော် အမြင် ရှိတယ်။
၅၀- နှစ်- - -ဒီကိစ္စ ခုနေသာ အဖေနဲ့တိုင်ပင် ခွင့်ရရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့ အရည် အချင်း တွေသူရှိနေတုန်းက ကောင်ကောင်း သတိမထားမိတာ နှမြောစရာ ကောင်းတယ်။ တကယ်ဆို ငါ့အဖေ့ ဆီက ပညာတွေအများကြီးရလိုက် ဖို့ကောင်းတယ်။

Ann Landers ၏ My father when I was
ဆရာဖေမြင့်၏ နှလုံးသားအဟာရစာအုပ်မှ

0 comments:

Post a Comment