Saturday, February 27, 2010

Subject: ပြောင်းပြန်ပြောင်းပြန်..
To:












Dreams of animals !!!!!!!!!


FunAndFunOnly (www.mails4u.net.tc) - SridhaR
.......
.......
.......



FunAndFunOnly (www.mails4u.net.tc) - SridhaR
.......
.......
.......



FunAndFunOnly  (www.mails4u.net.tc) - SridhaR
.......
.......



And the best of all

.......
.......
.......
.......
.......
........
.......
.......
.......
.......
.......
........
.......
.......
.......
.......
.......
.......
.......
.......
........
.......
.......
.......
.......






FunAndFunOnly (www.mails4u.net.tc) - SridhaR











with love ..♪




\!!!!!!/
( õ õ )
-----------------oOOO----------------------
emojulous@gmail.com
emojulous@gmail.com
--------------------------oOOO--------------
|__| |__|
|| ||
ooO Ooo
--
အလင်းစေတမန် မှ ဖြစ်ပါသည်။

သင်ယခု စာကိုသင်ရရှိနေခြင်းမှာ သင်သည် အလင်းစေတမန် ၏ အဖွဲ့ဝင် တစ်ယောက်ဖြစ်နေ၍ ဖြစ်သည်။ သို့မဟုတ်ပါက တဆင့်ပေးပို့သူထံမှ ရရှိခြင်းဖြစ်နိုင်ပါသည်။

အဖွဲ့ဝင် တစ်ယောက်အနေဖြင့် အလင်းစေတမန်သို့ စာများ ပို့လိုပါက a_lin_say_ta_mum@googlegroups.com သို့ ပေးပို့ နိုင်ပါသည်။ အဖွဲ့ ၀င် အားလုံးဆီသို့ ရောက်ရှိပါမည်။

ပေးပို့သော post များကို အလင်းစေတမန်မှ Admin များက ဖတ်ရှုပြီး သင့်တော်ပါက post ခွင့်ပြုပေးလျက်ရှိပါသည်။

သင် အလင်းစေတမန် အဖွဲ့ မှ စာများကို ရရှိရန် ဆန္ဒမရှိပါက a_lin_say_ta_mum+unsubscribe@googlegroups.com
သို့ mail ပို့နိုင်ပါသည်။ သင့်အား အဖွဲ့မှ စွန့်ခွာခွင့်ပေးပါမည်။

အခြား အကြောင်းအရာများကို သိချင်ပါက အဖွဲ့၏ Home Page မှကြိုဆိုပါတယ် ။
အောက်ပါ လိပ်စာသို့ ကလစ်နှိပ်၍ ၀င်ရောက်လေ့လာနိုင်ပါသည်။
http://groups.google.com/group/a_lin_say_ta_mum?hl=en?hl=en

ကျေးဇူးတင်ပါတယ်ဗျ။
Admin
အလင်းစေတမန်

သူဌေး--- "ဘာ... ခွင့်တစ်ရက်ယူချင်တယ် ဟုတ်လား?

တစ်နှစ်မှာ(၃၆၅)ရက် အလုပ်လုပ်လို့ရတယ်။ တစ်နှစ်မှာ(၅၂)ပတ်ရှိတဲ့အထဲ တစ်ပတ်မှာ(၂)ရက် မင်းအနားရတော့ (၂၆၁)ရက်ပဲ မင်းအလုပ်ချိန်ကျန်တယ်။ တစ်ရက်မှာ (၁၆)နာရီ မင်းအလုပ်မလုပ်ဘူး။ တစ်ရက်(၁၆)နာရီနဲ့ တစ်နှစ်မှာ ရက်(၁၇ဝ)နုတ်တော့ မင်းအလုပ်ချိန်က (၉၁)ရက်ပဲကျန်တယ်။ တစ်ရက်ကို မိနစ်(၃ဝ) မင်းကော်ဖီသောက်တယ်။ ဒီလိုနဲ့ တစ်နှစ်မှာ(၂၃)ရက်ရှိတော့ အလုပ်လုပ်ချိန်က (၆၈)ရက်ပဲကျန်တယ်။ တစ်ရက်မှာ(၁)နာရီ မင်းထမင်းစားတယ်။ ဒါနဲ့(၄၆)ရက်နုတ်လိုက်တော့ မင်းအလုပ်ချိန်က (၂၂)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ (၂)ရက်လောက် မင်း ဆေးခွင့်ယူသေးတယ်။ ဒီလိုဆိုတော့ မင်းအလုပ်ချိန်က (၂ဝ)ရက်ပဲကျန်တယ်။ တစ်နှစ်မှာ အထိမ်းအမှတ်ပွဲ၊ ရုံးပိတ်ရက်တွေက (၅)ရက်လောက်ရှိတယ်။ ဒါနဲ့ အလုပ်ချိန်က (၁၅)ရက်ပဲကျန်တယ်။ ကုမ္ပဏီက တစ်နှစ်မှာခွင့်(၁၄)ရက် သတ်မှတ်ပေးထားတယ်။ နောက်ဆုံးတော့ မင်းအလုပ်ချိန်က (၁)ရက်ပဲကျန်တယ်။ ဒါနဲ့များ မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။ ဟုတ်လား?"

via Nine Nine SaNay by နိုင်းနိုင်းစနေ on 2/8/10


မိတ်ဆွေတစ်ဦးရဲ့အိမ်ကို အလည်အပတ်သွားခဲ့တုန်းက ဓာတ်လှေကားကထွက်တာနဲ့ သူတို့အိမ်ပေါက်ဝမှာ ဆိုင်းပုဒ်တစ်ခု ချိတ်ထားတာကို တွေ့လိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာက "အိမ်ထဲမဝင်ခင် ကျေးဇူးပြုပြီး စိတ်ညစ်စရာတွေကို အပြင်မှာချွတ်ခဲ့ပါ။ အိမ်ပြန်ချိန် ပျော်ရွှင်ခြင်းသာသယ်ခဲ့ပါ" လို့ရေးထားတယ်။

အိမ်ထဲရောက်တော့ အိမ်ရှင်တွေက ဖော်ရွေသလို သားသမီးတွေကလည်း ပျူငှာယဉ်ကျေးကြတာကို တွေ့ရတယ်။ အိမ်လေးက ညီညွှတ်နွေးထွေးမှုတွေနဲ့ ပြည့်နေခဲ့တယ်။

အဲဒီဆိုင်းပုဒ်အကြောင်း အိမ်ရှင်မကို ကျွန်တော်မေးတော့ သူက အိမ်ရှင်ယောက်ျားကို ပြုံးပြုံးရယ်ရယ်နဲ့ကြည့်ပြီး "ရှင်ပဲပြောလိုက်ပါ.." လို့ပြောတယ်။

အိမ်ရှင်ယောက်ျားကလဲ ညင်ညင်သာသာနဲ့ "ခင်ပဲပြောလိုက်ပါ.. ဒါ ခင် ဆန်းသစ်ထားတာလေ" လို့ပြောတယ်။

နောက်ဆုံး အိမ်ရှင်မက သိမ်သိမ်မွေ့မွေ့နဲ့ " တစ်ခါက ကျွန်မအိမ်ပြန်လာတဲ့အချိန် ဓာတ်လှေကားက မှန်ထဲမှာ ပင်ပန်းနွမ်းနယ်ပြီး သုန်မှုန်နေတဲ့ ကိုယ်ပုံရိပ်ကိုသွားတွေ့မိတယ်။ မှန်ထဲက မျက်ခုံးနှစ်ခုထိလုမတတ် မျက်မှောင်ကျုံ့ပြီး စိတ်ပျက်နေတဲ့ ကိုယ့်မျက်လုံးတစ်စုံကို တွေ့မိတော့ ကျွန်မလန့်သွားခဲ့တယ်"

"ဒါနဲ့ ကိုယ်တောင်လန့်တဲ့ကိုယ့်ပုံစံကို အိမ်က ကလေးနဲ့ ခင်ပွန်းတွေ့တဲ့အချိန် ဘယ်လိုခံစားရမလဲလို့ ကျွန်မစဉ်းစားမိတယ်။ တကယ်လို့ သူတို့ရဲ့ဒီလိုပုံစံမျိုးကို ကျွန်မတွေ့ရင်ကော ဘယ်လိုခံစားရမလဲလို့ ကိုယ့်ကိုယ်ပြန်မေးမိတယ်။ တစ်ဆက်တည်း ထမင်းစားပွဲပေါ်က ကလေးတွေရဲ့ ဆိတ်ငြိမ်တာတွေ၊ လင်ယောက်ျားရဲ့ အေးတိအေးစက် အမှုအရာတွေကို သွားမြင်ယောင်မိတယ်.... "

"ဒါနဲ့ နောက်တစ်ရက်မှာ ကိုယ့်ကိုအသိပေးတဲ့အနေနဲ့ ဒီလိုဆိုင်းပုဒ်လေးရေးပြီး အိမ်ရှေ့တံခါးဝမှာ ချိတ်ဆွဲထားလိုက်တယ်။ ဒီလိုချိတ်ဆွဲပြီးနောက် ဒီလိုဆိုင်းပုဒ်က ကိုယ့်ကိုအသိပေးရုံမက မိသားစုအားလုံးကိုလည်း အသိပေးသလိုဖြစ်သွားတယ်။ ပိုထူးဆန်းတာက ကျွန်မတို့မိသားစုတင်မက ကျွန်မတို့အိမ်ကိုလာတဲ့ ဧည့်သည်တွေပါ ပြုံးပြုံးရွှင်ရွှင်ဖြစ်သွားကြတယ်" လို့ပြောပြတယ်။

သူဟာ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ အိမ်ရှင်မတစ်ဦးဖြစ်တယ်။ လောကမှာ အကောင်းနဲ့အဆိုး၊ ပျော်ရွှင်တာနဲ့ စိတ်ညစ်တာ၊ ကံကောင်းတာနဲ့ကံမကောင်းတာတွေက အမြဲဒွန်တွဲနေပါတယ်။ တချို့က အပြင်မှာ အဆင်မပြေခဲ့တိုင်း၊ မကျေနပ်ခဲ့တိုင်း အဲဒီစိတ်ညစ်စရာတွေကို အိမ်အရောက်သယ်ခဲ့ကြပြီး သားသမီးအပေါ်၊ ယောက်ျားမိန်းမတွေအပေါ် ပုံချတတ်တယ်။ တကယ်တော့ လျှပ်တစ်ပြက်အပြောင်းအလဲတစ်ခုက မတူတဲ့ပြောင်းလဲမှုတစ်ခုကို ပေးသွားခဲ့ပါတယ်။

"အိမ်ထဲမဝင်ခင် ကျေးဇူးပြုပြီး စိတ်ညစ်စရာတွေကို အပြင်မှာချွတ်ခဲ့ပါ။ အိမ်ပြန်ချိန် ပျော်ရွှင်ခြင်းသာ သယ်ခဲ့ပါ"

စိတ်ပြောင်းတာနဲ့ သဘောထားလိုက်ပြောင်းပါတယ်
သဘောထားပြောင်းတာနဲ့ အကျင့်လိုက်ပြောင်းပါတယ်
အကျင့်ပြောင်းတာနဲ့ လူ့ဘဝလိုက်ပြောင်းပါတယ်
ကံကြမ္မာကိုပြောင်းမဲ့အစား ကိုယ့်ကိုပြောင်းလဲမယ်
ကိုယ့်အကျင့်ဆိုးကို ပြောင်းလဲလိုက်တာနဲ့ ပျော်ရွှင်ခြင်းတွေက အလိုလိုရောက်လာပါလိမ့်မယ်။

မူရင်းရေးသားသူ-- Yang Zhigang (
楊 志剛) or 帶快樂回家

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
ဟာသကဗျာ

ချစ်သူ့လက်ဆောင်

ချစ်သူ…

အများတကာတွေထက်

သာချင်တဲ့မင်းအတွက်

ကိုယ့်ရဲ့အစီအစဉ်တွေကို

ပြောပြမယ်

ပန်းတစ်ပွင့်အတွက်…

ရင်ခုန်တတ်ကြတဲ့

မိန်းကလေးတွေထဲက

ချစ်သူ့အတွက်…

အများနဲ့မတူအောင်

ပန်းတစ်ခွေ စီစဉ်ထားတယ်

ကိုယ့်ခံစားချက်တွေနဲ့

ကဗျာဆန်ဆန်

နာမည်ပေးလိုက်သေးတယ်

လွမ်းသူ့ပန်းခွေတဲ့…

မာစီဒီးမှ စီးချင်တဲ့မင်းအတွက်

မာစီဒီးဆိုတာ ထိုင်ပြီးစီးရတာပါကွာ

မင်းအတွက် ကိုက

အိပ်ပြီးစီးလို့ရတဲ့ကားမျိုး

စီစဉ်ထားတယ်

မင်းစိတ်အစဉ် ငြိမ်းချမ်းစေဖို့

ကိုယ့်ဆုတောင်းလေးတွေ

ပြည့်နေတဲ့

သူ့နာမည်နိဗ္ဗာန်ယာဉ်တဲ့

မြို့မှာဆို လူသံ၊

ကားသံတွေနဲ့

ဆူညံနေလိမ့်မယ်

မင်းအတွက်

စိတ်ငြိမ်ရပ်ကွက်မှာ

မြေတစ်ကွက်ဝယ်ပြီး

အိမ်ဆောက်ထားတယ်

ဟုတ်တယ်… သုသာန်ဆိုတဲ့ ရပ်ကွက်မှာပေါ့…

မိုးလုံလေလုံ နေပါစေဆိုပြီး

အုတ်နဲ့ဆောက်ထားတဲ့

ခိုင်မာတဲ့အိမ်ကလေးလေ

မင်းနေတဲ့အကြောင်း

လူတွေသိအောင်

ကျောက်တိုင်ကလေး

ထောင်လို့ပေါ့

မင်းနာမည်နဲ့

အသက်မှတ်တမ်းလေးတပ်

မကျေနပ်သေးရင်….

မင်းရဲ့ဓာတ်ပုံပါ ကပ်ပေးဦးမယ်

မင်းခွဲသွားရင်

ကိုယ်တစ်ယောက်တည်းရယ်လို့

စိုးရိမ်မနေပါနဲ့ တစ်ပင်လဲလို့

တစ်ပင်ထူတဲ့

ကိုယ် နောက်တစ်ယောက်

ရှာယူလိုက်ပါ့မယ်

မင်းအတွက်

ရင်ထဲက စေတနာသက်သက်မို့

အားနာပြီး မငြင်းလိုက်ပါနဲ့ကွာ……….။
--
အလင်းစေတမန် မှ ဖြစ်ပါသည်။
အဖေ

ကျွန်တော် ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။
၅- နှစ်- - -ငါ့ဖေဖေက မသိတာ ဘာမှမရှိဘူး။
၆- နှစ်- - -ငါ့ဖေဖေက မင်းအဖေထက်တတ်တယ်ကွ။
၈- နှစ်- - -တို့ဖေဖေက အကုန်လုံးတော့လဲအတိအကျ မသိဘူး။
၁၀- နှစ်- - -အဖေ တို့ငယ်ငယ် တုန်းကနဲ့ အခုကတခြား စီပဲ။
၁၂- နှစ်- - -အင်း အဲဒါတော့ အဖေလဲဘယ်သိ ပါ့မလဲ။သူ ကအသက်သိပ်ကြီး လာပြီဆိုတော့ ငယ်ငယ်က အကြောင်းတွေမမှတ်မိ နိုင်တော့ဘူး။
၁၄- နှစ်- - -အဖေ့တော့ထည့်မပြောနဲ့ကွာ၊ သူကရှေးရိုးသမားကြီး။
၂၁- နှစ်- - - အဘိုးကြီးလား။ - -ထားစမ်းပါ။ အောက်နေပြီကွ၊ သိပ်အောက်နေပြီ။
၂၅- နှစ်- - -အဖေလဲနည်းနည်းပါးပါး တော့သိတယ်။ မသိလို့လဲ မဖြစ်ဘူးလေ၊ သူကလူကြီး ဘဲဟာ။
၃၀—အဖေကို နည်းနည်း ပါးပါးမေး ကြည့်ရင်ကောင်းမယ်ထင်တယ်။ ဘာဘဲပြောပြောသူ ကအတွေ့အကြုံ အများ ကြီးရှိတယ်။
၃၅- နှစ်- - -အဖေ နဲ့ တိုင်ပင်ပြီးမှဘဲ ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်။
၄၀- နှစ်- - -အဖေ သာဆိုဒီ ကိစ္စဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေကအတွေ့ အကြုံစုံတယ်။အမြော် အမြင် ရှိတယ်။
၅၀- နှစ်- - -ဒီကိစ္စ ခုနေသာ အဖေနဲ့တိုင်ပင် ခွင့်ရရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့ အရည် အချင်း တွေသူရှိနေတုန်းက ကောင်ကောင်း သတိမထားမိတာ နှမြောစရာ ကောင်းတယ်။ တကယ်ဆို ငါ့အဖေ့ ဆီက ပညာတွေအများကြီးရလိုက် ဖို့ကောင်းတယ်။

Ann Landers ၏ My father when I was
ဆရာဖေမြင့်၏ နှလုံးသားအဟာရစာအုပ်မှ
ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်
To:





Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။

Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။ follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲ အခြား Google က services တွေ မှာ ကျွန်တော်လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု share တာမျိုးကို အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။ အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို နှိပ်လိုက်တာနဲ့ တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင် ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။ အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google က live Search လိုမျိုးလုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့ service မျိုးလုပ်နိုင်သေးတယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ (မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့ ရနေတယ်။

တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့ တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable လိုမျိုးကို follow လုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ် comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည် profile ကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့ ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့ လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့ မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို ယုံမိတော့မှာပဲ။

Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှ မသိလိုက်ရပဲ ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။ Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။

ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ “Google Buzz Privacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000 အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ Buzz က ကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့ Buzz ကို လုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်ကတည်းက online privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။ Google လိုမျိုးက သူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့ ဝန်လေးပုံ မရဘူး။

ဘလော့ ရေး၍ ဒေါ်လာသန်းကြွယ်သူဌေး လုပ်နေကြသူများ

BoingBoing ဘလော့ရဲ့ပိုင်ရှင်ကတော့ Mark Frauenfelder ပါ။ Mark ဟာ စာရေးဆရာတစ်ယောက်ဖြစ်သလို မျက်နှာဖုံးပန်းချီဆရာအဖြစ်လည်း လုပ်ပါတယ်။ Play Boy magazine မှာ လစဉ် ပင်တိုင်ဆောင်းပါးရှင် အဖြစ် သုံးနှစ်သုံးမိုး အလုပ်လုပ်ကိုင်ခဲ့ဖူးသူတစ်ယောက်ပါ။ သူ့ရဲ့ BoingBoing ကို ၂၀၀၀ ခုနှစ် ဇန်န၀ါရီလမှာ တည်ထောင်ခဲ့ပြီး နှစ်စဉ် ၀င်ငွေဟာ ဒေါ်လာတစ်သန်း ၀န်းကျင်ဖြစ်ပါတယ်။ ဘလော့ပေါ်မှာ အကြောင်းအရာမျိုးစုံပါဝင်ပါတယ်။ ဟာသ၊ သိပ္ပံ၊ ကွန်ပျူ နဲ့ နည်းပညာ စတာတွေ ဖြစ်ပါတယ်။ သူ့ဘလော့ဆီ လာရောက်လည်ပတ်သူဦးရေဟာ အံ့သြစရာကောင်းလောက်အောင် များပြားလွန်းပါတယ်။ စစ်တမ်းများအရ သူ့ဘလော့ကို လည်ပတ်ကြသူ ဧည့်သည်ဦးရေဟာ တစ်လကို ၂.၆ သန်း ရှိတယ်လို့ ဆိုပါတယ်။ အများဆုံးက ဘလော့တွေကနေ တဆင့် သူ့ဆီကို လာရောက်ပတ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ရက်ကို ၂၀ ပို့စ် ကနေ ၄၀ ပို့စ် ထိ သူငွေပေးထားတဲ့ ဘလော့ဂါများက update လုပပေးက်ြပါတယ်။ အဓိက ၀င်ငွေကတော့ ကြော်ငြာ ဖြစ်ပါတယ်။ ဘတ်တန်အသေးစားအတွက် တစ်ပါတ်ကို ဒေါ်လာ ၃၅၀၊ ဘန်းနာ အတွက် အနည်းဆုံး ၁၇၀.၀၀၀ ဖြစ်ပါတယ်။














ShoeMoney ဘလော့ပိုင်ရှင်ကတော့ Jeremy Schoemaker ဖြစ်ပါတယ်။ ခေါင်းကို ပြောင်နေအောင် ရိပ်ထားတဲ့အတွက် အများနဲ့ မတူ တမူထူးခြား ပြီးကြည့်ကောင်းတယ် လို့ ဆိုကြတယ်။ ၂၀၀၅ ခုနှစ်မှာ ဘလော့ကို စတင်ခဲ့ပြီး တစ်လကို ဒေါ်လာ ၂၀. ၀၀၀ (သို့) တစ်နှစ်ကို ဒေါ်လာ ၂၄၀.၀၀၀ ရရှိပါတယ်။ သူ့ဘလော့ရဲ့ အကြောင်းအရာကတော့ (Making Money Online) အွန်လိုင်းပေါ်ကနေ ငွေရှာပုံ ရှာနည်း ဖြစ်ပါတယ်။ တစ်ရက်ကို ဧည့်သည် ဦးရေ ၂၀.၀၀၀ ဖြစ်ပါတယ်။ အဓိက ၀င်ငွေကတော့ သူ့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုပါ။ AuctionAds, dan google AdSense စတာတွေကနေ ရရှိနေတာပါ။ အောင်မြင်တဲ့ အချိန်ပြည့်ဘလော့ဂါ တစ်ယောက်ဖြစ်ပါတယ်။



Talkingpointsmemo.com ကို ပိုင်ဆိုင်သူကတော့ Josh Marshall ဖြစ်ပါတယ်။ နိုင်ငံရေးသတင်းထောက်ဟောင်း တစ်ယောက်အဖြစ်ကနေ အချိန်ပြည့် ဘလော့ဂါတစ်ယောက်ဖြစ်လာပါတယ်။ သူ့ဘလော့ကို ၂၀၀၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့ပြီး တစ်လ ၀င်ငွေဟာ ဒေါ်လာ ၅၄.၀၀၀ (သို့) တစ်နှစ် ၀င်ငွေဟာ ၆၄၀.၀၀၀ ဖြစ်ပါတယ်။ မိုက်တယ်နော် ၀င်ငွေကတော့။ နိုင်ငံရေး ဘလော့ပါ။ တစ်ပါတ်ကို page view ပေါင်း ၅၀၀.၀၀၀ ထိရှိပါတယ်။ သူ့ရဲ့ အဓိက ၀င်ငွေကလည်း ကြော်ငြာက ရတာ ဖြစ်ပါတယ်။




perezhilton.com ပိုင်ရှင်ကတော့ Mario Lavandeira ဖြစ်ပါတယ်။ သူ့ရဲ့ကျိုးစားအားထုတ်မှုတွေကြောင့် သူ့ဘလော့ဆီလာရောက် လည်ပတ်သူတွေဆီကနေ ကြောငြာတွေ ရရှိနေတာ ဖြစ်တယ်လို့ မာရီယိုက ပြောပါတယ်။ သူ့ဘော့ ၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့ပြီး လစဉ်ဝင်ငွေဟာ ၁၁၀.၀၀၀ (သို့) တစ်နှစ် ၀င်ငွေဟာ ဒေါ်လာ သန်း ၁.၃၂ ဖြစ်ပါတယ်။ သူ့ဘလော့ကတော့ နာမည်ကြီး အထင်ကရ မင်းသားမင်းသမီးတွေ အကြောင်း ရေးတဲ့ဘလော့ပါ။ တစ်ရက်ကို သူ့ဘလော့ဆီ လာရောက် လည်ပတ်ကြသူတွေဟာ ၄ သန်းထိ ရှိပါတယ်။ အဓိက ၀င်ငွေကတော့ ကြော်ငြာနဲ့ ဘန်းနားပါ။ ဘန်းနားတစ်ခုကို တစ်ရက် ဒေါ်လာ ၁၃.၀၀၀ ပေးရပါတယ်။ ဗုဒ္ဓေါ ဈေးကြီးလှချည်လား။ တကယ်တော့ Perezhilton ဆိုတာ ကမ္ဘာပေါ်မှာ နာမည်အကြီး ဘလော့ ဖြစ်ပါတယ်။ ဘလော့ ပိုင်ရှင်ဟာလည်း နာမည်ကြီးလာပါတယ်။ Miss America 2009 ရွေးပွဲမှာလည်း ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့ပါတယ်။





Gothamist ဘလော့ကို ပိုင်ဆိုင်သူကတော့ Jake Dobkin ပါ။ သူ့ဘလော့ကို ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ လစဉ်ဝင်ငွေ ၅၀.၀၀၀ (သို့) နှစ်စဉ် ၀င်ငွေ ၆၀၀.၀၀၀ ဖြစ်ပါတယ်။ သူ့ဘလော့ပေါ်က အကြောင်းအရာများကတော့ the dynamics of New York city ၊ art ၊ food ၊ events ၊ နဲ့ 7 metropolitan cities of the world တို့ ဖြစ်ပါတယ်။ သူ့ဘလော့ကို update လုပ်ပေးမယ့်သူ ၅ ထက်မနည်း ရှိပြီး တစ်ရက်ကို ပို့စ် ၂၀ ကနေ ပို့စ် ၂၅ ထိ တင်ပေးနေပါတယ်။ တစ်လကို page view ပေါင်း ၇ သန်းရှိပါတယ်။ အဓိက ၀င်ငွေကတော့ ကြော်ငြာပါ။ အံ့သြစရာကောင်းတဲ့ ဘလော့ပါ။ New York မြို့အကြောင်းလေး ပါလိုက်တာနဲ့ ဒေါ်လာသန်းနဲ့ ချီပြီးရနေပါတယ်။ ခင်ဗျားတို့ မြို့ကရော ဘယ်လိုလဲ။ 






TechCrunch ဘလော့ ပိုင်ရှင်ကတော့ Michael Arrington ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဘလော့ကို စတင်ခဲ့ပြီး တစ်လကို ဒေါ်လာ ၂၀၀.၀၀၀ ၀င်ငွေရှိပြီး တစ်နှစ်ကို ဒေါ်လာ ၂.၄ သန်း ၀င်ငွေ ရရှိနေပါတယ်။ gear နဲ့ mobile technology အကြောင်းရေးတဲ့ ဘလော့ပါ။ တစ်လကို page view ပေါင်း ၅ သန်း ရှိပါတယ်။ သူ့ရဲ့ အဓိက ၀င်ငွေကလည်း ကြော်ငြာက ရတာရှိတာ ဖြစ်ပြီး တစ်ပါတ်ကို ဘတ်တန်အသေးစားအတွက် ဒေါ်လာ ၃၀၀ နဲ့ ဘန်နာ အသေးစားအတွက် ဒေါ်လာ ၁၀၀၀ ပေးရပါတယ်။ ဒီဝက်ဆိုက်မှာ ဘယ်သူတွေ ကြော်ငြာ ထည့်ချင်ကြလဲ ပြောပါ။




Mashable ဘလော့ပိုင်ရှင်ကတော့ Pete Cashmore ဖြစ်ပါတယ်။ သူ့ဘလော့ကို ၂၀၀၅ ခုနှစ်မှာ စတင်ခဲ့ပြီး ၀င်ငွေကတော့ လစဉ် ၀င်ငွေ ၁၆၆.၀၀၀ (သို့) နှစ်စဉ် ၀င်ငွေ ၁. ၉၂ သန်းရရှိနေပါတယ်။ တစ်လကို page view ပေါင်း ၄ သန်းရှိတယ်လို့ ဆိုပါတယ်။ ၀င်ငွေကတော့ ထုံးစံအတိုင်း ကြော်ငြာက ရတာပါ။ တစ်ပါတ်အတွက် ဘန်းနားဟာ ၂၀၀၀ ကုန်ကျပါတယ်။ ဘလော့ဂါဆိုတာ အချိန်ပြည့်လုပ်ရမယ့် အလုပ်ဖြစ်သလို ဘလော့ဂါတစ်ယောက်ဖြစ်တဲ့အတွက် သိပ်ပြီး အအိပ်မက်ကြပါနဲ့ လို့ ပီတီက ပြောပါတယ်။ သဘောတူကြလားဟေ့။




Problogger ရဲ့ ပိုင်ရှင်ကတော့ Darren Rowse ဖြစ်ပါတယ်။ လူအများက သူ့ကို ဘလော့ရေးပြီး ပိုက်ဆံရှာတဲ့ ဘလော့ဂါတို့ရဲ့ ဖခင် လို့ တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။ ဘလော့ဂါများကို သူ့ဘလော့ဆီ လာကြဖို့ အမြဲ သူဖိတ်ကြားတယ်။ Yaro Starak တို့လို ဘလော့ဂါတွေ Chris Garret တို့ ဘလော့ဂါတွေဟာ နာမည်ကြီးလာကြပြီး ဒေါ်လာတွေ ထောင်နဲ့ ချီဝင်နေကြတယ်။ သူ့ဘလော့ကို ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့ပြီး နှစ်စဉ် ၀င်ငွေဟာ ၁၀၀.၀၀၀ ခန့် ရရှိနေပါတယ်။ Making Money Online ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားနေတာပါ။ သူ့ဘလော့ကို နေ့စဉ် နေ့တိုင်း ပို့စ် တစ်ခု ကနေ နှစ်ခု ထိ အမြဲ update လုပ်လေ့ရှိတယ်။ လာရောက် လည်ပတ်သူ ဦးရေးရေဟာ တစ်လကို ၁.၅ သန်း ရှိတယ်။ အဓိက ၀င်ငွေတွေကတော့ Chitika, Google AdSense, Text Link Ads, dan Amazon Associates တို့ကနေ ရရှိနေတာ ဖြစ်ပါတယ်။

Saturday, February 20, 2010

ချိုမြိန်ဒုက္ခ


ကော်ဖီကိုအရမ်းကြိုက်တဲ့ငါ
ကော်ဖီရဲ့ဆိုးကျိုးကို သိတဲ့ငါ
ဒီ့ထက်ပိုမစွဲလမ်းသင့်တာသိတဲ့ငါ
ဖြတ်ဖို့ကြိုးစားရင်း
ဆက်သောက်မြဲသောက်ရင်း
ကော်ဖီကြောင့်ရတဲ့ဒုက္ခတွေ တပွေ့တပိုက်
ပြုံးလိုက်ပျော်လိုက် နာကျင်လိုက်ကြေကွဲလိုက်
ဆက်သောက်မယ်ရည်ရွယ်ရင်း
နောက်ဆုံးတစ်ကျိုက် ငါမျိုချလိုက်တယ်
ကော်ဖီရဲ့အခါးဒဏ်ကပျင်းလွန်းလို့
ရင်ထဲကလက်မခံ ပြန်အန်ထွက်တာကို
နင်အပြစ်မမြင်ပါနဲ့
ကော်ဖီကရတဲ့ဝေဒနာတွေကို
ငါ့နှလုံးသားက လက်ခံပေမယ့်
ငါ့အစာအိမ်က လက်မခံနိုင်တော့ဘူးလေ။ ။